အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁) ဘုရားသခင်၏ အခွင့်အာဏာ (၁) အပိုင်း ငါး၏ အဆက်


ယခု ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်သော အသိပညာအသစ်ကို သင်တို့ရရှိပြီလော။ ပထမဦးဆုံး ယခုပြောခဲ့သည့် ဘုရားသခင်၏ သြဇာအာဏာနှင့် လူသား၏ အစွမ်းတို့ကြားတွင် ကွာခြားချက်ရှိသလော။ ကွာခြားချက်က အဘယ်နည်း။ အချို့လူများက ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိပေဟု ပြောကြသည်။ မှန်ပေသည်။ လူများက ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိဟု ဆိုသော်လည်း လူသား၏အတွေးနှင့် အယူအဆများတွင် ဤနှစ်ခုကို မကြာခဏ ဘေးချင်းယှဉ်ပြီး လူသား၏ အစွမ်းကို သြဇာအာဏာနှင့် မကြာခဏ ရောထွေးကြသည်။ ဤနေရာတွင် အဘယ်အရာဖြစ်နေသနည်း။ လူများက ဤတစ်ခုနှင့်တစ်ခုကို အမှုမဲ့ အမှတ်မဲ့နှင့် မှားယွင်းပြီး အစားထိုးနေကြခြင်း မဟုတ်လော။ ဤနှစ်ခုက မဆက်သွယ်ထားပေ။ ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိပေ။ သို့ရာတွင် လူများက မတတ်နိုင်ကြချေ။ ဤသည်ကို မည်သို့ဖြေရှင်းသင့်သနည်း။ သင်သည် ဖြေရှင်းချက်ကို ရှာဖွေရန် အမှန်တကယ် ဆန္ဒရှိပါက တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာကို သိပြီး နားလည်ရန်သာဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကိုသိပြီး နားလည်ပြီးနောက်တွင် သင်သည် လူသား၏အစွမ်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အတူတူ ပြောဆိုတော့မည် မဟုတ်ပေ။
လူသား၏အစွမ်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ရိုးရိုးပြောရလျှင် လူသား၏ အကျင့်ပျက်စီးသည့် စိတ်သဘောထား၊ ဆန္ဒနှင့် ရည်ရွယ်ချက်တို့ကို အကြီးမားဆုံး အတိုင်းအတာအထိ ကျယ်ပြန့်စေသည့် သို့မဟုတ် ပြီးမြောက်စေသည့် စွမ်းရည် သို့မဟုတ် တတ်ကျွမ်းမှုတစ်ခုဖြစ်သည်။ ဤသည်ကို သြဇာအာဏာဟု ပြော၍ရသလော။ လူသား၏ ရည်ရွယ်ချက်နှင့် ဆန္ဒမှာ မည်မျှပင် ကြီးမားပါစေ သို့မဟုတ် အကျိုးများပါစေ ဤလူသည် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု မဆိုနိုင်ပေ။ အလွန့်အလွန်ပြောရလျှင် ဤကြီးမားခြင်းနှင့် အောင်မြင်ခြင်းသည် လူသားကြားတွင် စာတန်၏ ရွှတ်နောက်နောက်အပြုအမူ၏ သာဓကတစ်ခုသာဖြစ်ပြီး အလွန့်အလွန်ပြောရလျှင် စာတန်သည် ဘုရားဖြစ်ရန် ဟူသည့် ၎င်း၏ရည်ရွယ်ချက်ကို ပြီးမြောက်စေရန်အတွက် ၎င်း၏ ဘိုးဘေးကဲ့သို့ ပြုမူပြသည့် ဟာသဇာတ်တစ်ခုသာ ဖြစ်သည်။
ယခု သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အတိအကျအားဖြင့် မည်သို့မြင်သနည်း။ ယခု ဤနှုတ်ကပတ်တော်များကို မိတ်သဟာယပြုပြီးသည့်အတွက် ဘုရားသခင်၏ သြဇာအာဏာနှင့်ပတ်သက်သော အသိပညာအသစ်ကို သင်ရရှိသင့်ပေပြီ။ ထို့ကြောင့် သင်တို့ကို ငါမေးမည်- ဘုရားသခင်၏ သြဇာအာဏာက အဘယ်အရာကို သင်္ကေတပြုသနည်း။ ဘုရားသခင် ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာကို သင်္ကေတပြုသလော။ ဘုရားသခင် ကိုယ်တော်တိုင်၏ တန်ခိုးကို သင်္ကေတပြုသလော။ ဘုရားသခင်ကိုယ်တော်တိုင်၏ အတုမရှိသည့် အဆင့်အတန်းကို သင်္ကေတပြုသလော။ အားလုံးထဲတွင် မည်သည့်အရာအထဲ၌ ဘုရားသခင်၏ သြဇာအာဏာကို သင်မြင်ခဲ့သနည်း။ ယင်းကို မည်သို့မြင်ခဲ့သနည်း။ လူသားကြုံတွေ့သည့် ရာသီဥတုလေးခုတွင် နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့ကြားထဲက ပြောင်းလဲခြင်း နိယာမကို မည်သူ ပြောင်းနိုင်သနည်း။ နွေဦးရာသီတွင် သစ်ပင်များက ဖူးပွင့်သည်။ နွေရာသီတွင် သူတို့သည် အရွက်များနှင့် ဖုံးနေကာ ဆောင်းဦးရာသီတွင် အသီးသီးကြသည်။ ဆောင်းရာသီတွင် အရွက်ကြွေလေသည်။ ဤနိယာမကို မည်သူ ပြောင်းလဲနိုင်သနည်း။ ဤသည်က ဘုရားသခင်၏ သြဇာအာဏာ၏ အချက်တစ်ချက်ကို ထင်ဟပ်စေသလော။ ဘုရားသခင်က “အလင်းဖြစ်စေ” ဟုပြောသည်နှင့် အလင်းဖြစ်လာသည်။ ဤအလင်းက တည်ရှိနေဆဲဖြစ်သလော။ အလင်းက အဘယ်ကြောင့် တည်ရှိနေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ သြဇာအာဏာကြောင့် တည်ရှိနေခြင်းပင်တည်း။ ဘုရားသခင် ဖန်ဆင်းသည့် လေက တည်ရှိနေဆဲဖြစ်သလော။ လူသား ရှူသွင်းသည့်လေက ဘုရားသခင်ထံမှ လာသလော။ ဘုရားသခင်ထံမှလာသည့် အရာများကို မည်သူက ယူဆောင်သွားနိုင်သနည်း။ မည်သူက ၎င်းတို့၏အနှစ်သာရနှင့် တာဝန်များကို ပြောင်းလဲနိုင်သနည်း။ ဘုရားသခင် ချမှတ်ထားခဲ့သည့် နေ့နှင့် ည၊ ဘုရားသခင် အမိန့်ပေးခဲ့သည့် နေ့နှင့်ည၏ နိယာမကို မည်သူက ကသိကအောက်ဖြစ်အောင် လုပ်နိုင်သနည်း။ စာတန်က ဤကဲ့သို့လုပ်နိုင်သလော။ သင်သည် ညတွင်မအိပ်ဘဲ ညကို နေ့ဟူ၍သတ်မှတ်လျှင်ပင် ညအချိန်က ညအချိန်ပဲဖြစ်နေမည်ဖြစ်သည်။ သင်၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်လိမ့်မည်။ သို့ရာတွင် သင်သည် ညနှင့်နေ့၏ ဖလှယ်ပုံ နိယာမကို ပြောင်းရန် မတတ်စွမ်းပေ။ ဤသည်မှာ မည်သူမျှ မပြောင်းလဲနိုင်သည့် အချက်ပင်ဖြစ်သည်၊ မဟုတ်သလော။ ခြင်္သေ့တစ်ကောင်ကို ကုန်းမြေပေါ်တွင် နွားကဲ့သို့လယ်ထွန်ခိုင်းရန် မည်သူတတ်စွမ်းနိုင်သနည်း။ ဆင်တစ်ကောင်ကို မြည်းဖြစ်သွားအောင်ပြောင်းရန် မည်သူတတ်နိုင်သနည်း။ ကြက်တစ်ကောင်ကို လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ပျံဝဲအောင်လုပ်ရန် မည်သူတတ်နိုင်သနည်း။ ဝံပုလွေတစ်ကောင်ကို သိုးတစ်ကောင်ကဲ့သို့ မြက်စားအောင် မည်သူလုပ်နိုင်သနည်း။ (မလုပ်နိုင်ပါ။) ရေထဲက ငါးတစ်ကောင်ကို ခြောက်သွေ့သည့်ကုန်းမြေပေါ်တွင် အသက်ရှင်အောင် မည်သူလုပ်နိုင်သနည်း။ ထိုအရာကို လူသားတို့ မလုပ်နိုင်ကြပါ။ အဘယ်ကြောင့် မလုပ်နိုင်ရခြင်းဖြစ်သနည်း။ ဘုရားသခင်က ငါးတို့ကို ရေထဲတွင်အသက်ရှင်ရန် အမိန့်ပေးထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရေထဲတွင် အသက်ရှင်သည်၊ ကုန်းမြေပေါ်တွင် သူတို့ အသက်ရှင်နိုင်မည် မဟုတ်ပေ။ သေသွားမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အမိန့်၏ အကန့်အသတ်ကို မကျော်လွန်နိုင်ပေ။ အရာအားလုံး၏ဖြစ်တည်မှုတွင် နိယာမနှင့် အကန့်အသတ်များရှိပြီး သူတို့အသီးသီးတွင် ကိုယ်ပိုင် ဗီဇအသိစိတ်များ ရှိကြသည်။ ဤအရာတို့သညိ ဖန်ဆင်းရှင်က ချမှတ်ပေးထားပြီး မည်သည့်လူသားမျှ ပြောင်းလဲ၍၊ ကျော်လွန်၍ မရနိုင်ပေ။ ဥပမာ ခြင်္သေ့သည် လူ့အဖွဲ့အစည်းနှင့် အဝေးတစ်နေရာတွင်ရှိသည့် တောထဲတွင်သာ အမြဲနေထိုင်လိမ့်မည်။ လူနှင့်အတူတူနေထိုင်ပြီး လူသားအတွက်အလုပ်လုပ်ပေးသည့် နွားကဲ့သို့ မည်သည့်အခါမျှ ကျိုးနွံပြီး သစ္စာရှိမလာနိုင်ပေ။ ဆင်နှင့် မြည်းနှစ်မျိုးလုံးက တိရစ္ဆာန်များဖြစ်ပြီး နှစ်မျိုးလုံးက ခြေလေးချောင်းရှိကာ လေကို ရှူသွင်းကြသည့် သတ္တဝါများဖြစ်သော်လည်း သူတို့သည် မတူညီသည့် မျိုးစိတ်များဖြစ်သည်။ ဘုရားသခင်က မတူညီသည့် အမျိုးအစားများအဖြစ် ခွဲခြားထား၍ဖြစ်သည်။ သူတို့အသီးသီးတွင် ကိုယ်ပိုင်ဗီဇအသိစိတ်များရှိကြသည်။ ထို့ကြောင့် သူတို့သည် မည်သည့်အခါမျှ ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ကြက်က လင်းယုန်ကဲ့သို့ ခြေနှစ်ချောင်းရှိပြီး အတောင်ပံများရှိသော်လည်း လေထဲတွင် မည်သည့်အခါမျှ ပျံနိုင်မည်မဟုတ်ပေ။ အလွန်ဆုံး သစ်ပင်ပေါ်လောက်သာ ပျံတက်နိုင်လိမ့်မည်— ဤသည်မှာ သူ၏ ဗီဇအသိစိတ်က ပိုင်းခြားသတ်မှတ်ထားခြင်းဖြစ်သည်။ ဤအရာအားလုံးက ဘုရားသခင်၏ သြဇာအာဏာ၏ အမိန့်များကြောင့်ဖြစ်သည်ကို ပြောပြနေစရာမလိုပေ။
ယနေ့ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားတို့၏ သိပ္ပံသည် တိုးတက်လျက်ရှိသည်ဟု ဆိုနိုင်ပြီး လူသားတို့၏ သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိမှုများသည် အထင်ကြီးစရာကောင်းသည်ဟု ဆိုနိုင်သည်။ လူသား၏ အရည်အချင်းသည် အမြဲတမ်း ကြီးမားလာနေသည်ဟု ပြောရမည်ဖြစ်သည်။ သို့ရာတွင် လူသားမျိုးနွယ်က မလုပ်နိုင်သည့် သိပ္ပံဆိုင်ရာ တွေ့ရှိမှုတစ်ခုရှိနေသည်။ လူသားမျိုးနွယ်သည် လေယာဉ်ပျံများ၊ လေယာဉ်တင်သင်္ဘောများ၊ အက်တမ်ဗုံးများကို ပြုလုပ်ခဲ့သည်။ လူသားမျိုးနွယ်သည် စကြဝဠာထဲကို ထွက်ခဲ့သည်။ လပေါ်တွင် လမ်းလျှောက်ခဲ့သည်။ အင်တာနက်ကို တီထွင်ခဲ့သည်။ နည်းပညာမြင့် ဘဝနေမှု ပုံစံနှင့် နေထိုင်ခဲ့ကြသည်။ သို့ရာတွင် လူသားမျိုးနွယ်သည် အသက်ရှိသည့်၊ အသက်ရှူသည့် သတ္တဝါကို ဖန်တီးရန် မတတ်နိုင်ပေ။ သက်ရှိသတ္တဝါတိုင်း၏ ဗီဇအသိစိတ်နှင့် သူတို့အသက်ရှင်နေထိုင်သည့် နိယာမများ၊ သက်ရှိအမျိုးအစားတိုင်း၏ သေခြင်း၊ ရှင်ခြင်း စက်ဝန်း၊ ဤအရာများ အားလုံးသည် လူသားတို့၏ သိပ္ပံပညာနှင့် မဖြစ်နိုင်၊ မထိန်းချုပ်နိုင်ပေ။ ဤနေရာတွင် လူသား၏ သိပ္ပံပညာနှင့် မည်မျှကြီးမားသည့် အမြင့်ကို ရောက်ရှိပြီးဖြစ်ပါစေ ဖန်ဆင်းရှင်၏ မည်သည့်အတွေးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း၏ ဆန်းကြယ်မှုနှင့် သူ့သြဇာအာဏာ၏ တန်ခိုးကို ခွဲခြမ်းနိုင်စွမ်း မရှိပေ။ ကမ္ဘာမြေကြီးပေါ်တွင် သမုဒ္ဒရာများ များစွာရှိသည်။ သို့ရာတွင် သူတို့သည် သူတို့၏ အကန့်အသတ်ကိုကျော်ပြီး ကုန်းမြေပေါ်ကို သူတို့ကြိုက်သလို တစ်ခါမျှမလာနိုင်ပေ။ ဤသည်မှာ ဘုရားသခင်က သူတို့တစ်ခုချင်းစီ၏ နယ်နိမိတ်စည်းများကို သတ်မှတ်ထားသည့်အတွက်ဖြစ်သည်။ ဘုရားသခင် အမိန့်ပေးထားသည့် မည်သည့်နေရာတွင်မဆို သူတို့နေပြီး ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ကြိုက်သလို မလှုပ်ရှားနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ အချင်းချင်း စည်းမဖောက်နိုင်ပေ။ ဘုရားသခင်က ပြောမှသာ လှုပ်ရှားနိုင်သည်။ သူတို့ မည်သည့်နေရာကိုသွားသည်၊ မည်သည့်နေရာတွင်နေသည်ကို ဘုရားသခင်၏ သြဇာအာဏာအားဖြင့် ပိုင်းခြားသတ်မှတ်သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည်မှာ ဘုရားသခင်အပေါ်တွင် မူတည်သည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် တစ်ခုခုကို မည်သို့လုပ်မည်ဆိုသည့်အပေါ်တွင် ဆုံးဖြတ်သတ်မှတ်ရန် အခွင့်အရေးရှိပြီး သူဆန္ဒရှိသည့် နည်းလမ်းအတိုင်း ပြီးမြောက်သည်။ အရာအားလုံး၏ နိယာမက ဘုရားသခင်အပေါ် မူတည်သည်၊ လူသားအပေါ်တွင် မူတည်ခြင်း မရှိသကဲ့သို့ လူသားက ပြောင်းလဲ၍လည်း မရပေ။ လူသား၏ အလိုဆန္ဒနှင့် မရွှေ့နိုင်ပေ။ သို့ရာတွင် ဘုရားသခင်၏အတွေးများ၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အမိန့်တို့နှင့် ပြောင်းလဲနိုင်ပြီး ဤသည်မှာ မည်သည့်လူသားမျှ မငြင်းဆိုနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံး၊ စကြဝဠာ၊ ကြယ်များပြည့်နေသည့် ကောင်းကင်၊ နှစ်တစ်နှစ်၏ ရာသီဥတုလေးခု၊ လူသားက မြင်နိုင်သည့်အရာများနှင့် မမြင်နိုင်သည့်အရာများ၊ စသည်တို့အားလုံးသည် အမှားအယွင်း စိုးစဉ်းမျှမပါဘဲ ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဘုရားသခင်၏ အမိန့်များနှင့်အညီ၊ ဘုရားသခင်၏ ပညတ်ချက်များနှင့်အညီ၊ ဖန်ဆင်းခြင်းအစ၏ နိယာမတို့နှင့်အညီ တည်ရှိသည်၊ လည်ပတ်သည်၊ ပြောင်းလဲသည်။ မည်သည့် လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် အရာဝတ္ထုမျှ ၎င်းတို့၏နိယာမကို မပြောင်းလဲနိုင်ပေ၊ သို့မဟုတ် သူတို့လည်ပတ်လှုပ်ရှားသည့် ရှိရင်းစွဲ လမ်းကြောင်းများကို မပြောင်းလဲနိုင်ပေ။ ဘုရားသခင်၏ သြဇာအာဏာကြောင့် ၎င်းတို့ဖြစ်တည်လာကြပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ပျက်စီးလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာသက်သက်ဖြစ်သည်။ ဤမျှလောက် ပြောပြီးဖြစ်သည့်အတွက် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်း၏ သင်္ကေတဖြစ်သည်ကို သင်ခံစားနိုင်သလော။ ဘုရားသခင်၏ သြဇာအာဏာကို ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာများက ပိုင်ဆိုင်နိုင်သလော။ ဤအရာကို တုပနိုင်သလော။ ဟန်ဆောင်နိုင်သလော။ သို့မဟုတ် လူပုဂ္ဂိုလ်၊ အရာဝတ္ထု သို့မဟုတ် ပစ္စည်းတို့နှင့် အစားထိုး၍ ရနိုင်သလော။
ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာသည် အတုမရှိပေ၊ သင်သည် ဘုရားအများကိုးကွယ်သည့်ဝါဒ၏ အယူအတိုင်း မလိုက်နာသင့်
စာတန်၏ အရည်အချင်းနှင့် အစွမ်းတို့သည် လူသားတို့ထက် ကြီးမားသော်လည်း၊ ၎င်းသည် လူသားက မရရှိနိုင်သည့် အရာများကို လုပ်နိုင်သော်လည်း၊ စာတန်လုပ်သည့်အပေါ်တွင် သင်မနာလိုခြင်း သို့မဟုတ် အားကျခြင်းဖြစ်စေ၊ ထိုအရာများကြောင့် သင်မုန်းခြင်း သို့မဟုတ် ရွံရှာခြင်းဖြစ်စေ၊ သင်သည် ထိုအရာကို မြင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ စာတန်က မည်မျှရရှိနိုင်သည်ဖြစ်စေ သို့မဟုတ် လူမည်မျှများများ သူ့ကို ကိုးကွယ်ရန်၊ ပစားထားရန် လှည့်စားနိုင်သည်ဖြစ်စေ၊ သင်စာတန်ကို မည်သို့သတ်မှတ်သည်ဖြစ်စေ၊ စာတန်၌ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးရှိသည်ဟု သင်ပြော၍မရပေ။ ဘုရားသခင်သည် ဘုရားသခင်သာဖြစ်သည်ကို သင်သိရမည်။ ဘုရားသခင်တစ်ပါးတည်း ရှိသည်။ ထို့အပြင် ဘုရားသခင်သာလျှင် သြဇာအာဏာရှိပြီး အရာအားလုံးကို ထိန်းချုပ်ရန်၊ အုပ်စိုးရန် တန်ခိုးရှိသည်ဆိုသည်ကို သင်သိရမည်။ စာတန်က လူသားများကို လှည့်စားနိုင်သည့် အရည်အချင်းရှိသည်၊ ဘုရားသခင်အသွင် ဟန်ဆောင်နိုင်သည်၊ ဘုရားသခင်က ပြုလုပ်သည့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တုပနိုင်သည်၊ ဘုရားသခင်ကဲ့သို့ ဆင်တူသည့် အရာများကို လုပ်ခဲ့သည်ဆိုရုံနှင့် ဘုရားသခင်က အတုမရှိမဟုတ်ပေ၊ ဘုရားများ အများအပြားရှိသည်၊ သူတို့တွင် အနည်းငယ်ကြီးမားသည့် သို့မဟုတ် သေးငယ်သည့် အစွမ်းများရှိကြသည်၊ သူတို့ကိုင်ဆောင်သည့် တန်ခိုး၏ အတိုင်းအတာက ကွဲပြားမှုများရှိသည်ဟု သင်သည် မှားယွင်းစွာ ယုံကြည်တော့သည်။ သူတို့ရောက်ရှိလာသည့် အစီအစဉ်အတိုင်း၊ သူတို့၏ အသက်အရွယ်တို့နှင့်အညီ သူတို့၏ ကြီးမြတ်မှုကို သင်အဆင့်သတ်မှတ်လိမ့်မည်။ ဘုရားသခင်အပြင် အခြားဘုရားများရှိသည်ဟု သင်သည် မှားယွင်းစွာ ယုံကြည်ပြီး ဘုရားသခင်၏ တန်ခိုးနှင့် သြဇာအာဏာသည် အတုမရှိမဟုတ်ဟု သင်ထင်မြင်လိမ့်မည်။ အကယ်၍ သင့်တွင် ဤကဲ့သို့သော စိတ်ကူးမျိုးရှိပါက၊ ဘုရားသခင်၏ အတုမရှိခြင်းကို မသိမြင်ပါက၊ ဘုရားသခင်သာလျှင် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု မယုံကြည်ပါက၊ ထို့အပြင် သင်သည် ဘုရားအများကိုးကွယ်သည့်ဝါဒအတိုင်းသာ လိုက်နာပါက သင်သည် ဖန်ဆင်းခံများ၏ လူညံ့၊ လူဖျင်းတစ်ယောက်ဖြစ်ပြီး စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်ကာ လုံးဝ ဆိုးယုတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ငါပြောမည်။ ဤနှုတ်ကပတ်တော်များကို ပြောပြီး သင်တို့ကို အဘယ်အရာအား ငါသင်ကြားနေခြင်းဖြစ်သည်ကို သင်တို့နားလည်သလော။ မည်သည့်အချိန်၊ မည်သည့်နေရာဖြစ်စေ သို့မဟုတ် သင်၏ နောက်ကြောင်းက မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို အခြားပုဂ္ဂိုလ်၊ အရာဝတ္ထု သို့မဟုတ် ပစ္စည်းများနှင့် မရောထွေးရ။ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရတို့က မည်မျှပင် မသိနိုင်၊ မချဉ်းကပ်နိုင်ဖူးဟု သင်ခံစားရသည်ဖြစ်စေ၊ စာတန်၏စကားလုံးများနှင့် လုပ်ဆောင်ချက်များက သင်၏ အယူအဆ၊ ကြံစည်တွေးတောမှုများနှင့် မည်မျှပင် ကိုက်ညီပါစေ၊ ထိုအရာများက သင့်အပေါ် မည်မျှပင် စိတ်ကျေနပ်မှုပေးပါစေ၊ မမိုက်မဲနှင့်၊ ဤအယူအဆများကို မရောထွေးနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို မငြင်းပယ်နှင့်၊ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို မငြင်းပယ်နှင့်၊ ဘုရားသခင်ကို တံခါးအပြင်သို့ တွန်းထုတ်ပြီး သင့်နှလုံးသားထဲတွင် ဘုရားသခင်ကို အစားထိုးရန်နှင့် သင်၏ဘုရားဖြစ်စေရန်အတွက် စာတန်ကို မခေါ်ဆောင်နှင့်။ ဤကဲ့သို့ပြုလုပ်ခြင်း၏ အကျိုးဆက်ကို သင်စဉ်းစားတွေးတောနိုင်စွမ်းရှိသည်ဆိုခြင်းမှာ ယုံမှားဖွယ်ရာမရှိပေ။
လူသားမျိုးနွယ်သည် အကျင့်ပျက်စီးပြီးဖြစ်သော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အချုပ်အခြာအာဏာအောက်တွင် အသက်ရှင်နေထိုင်ဆဲရှိသည်
စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာကြာအောင် ဖျက်ဆီးနေသည်။ စာတန်သည် ပြောပြ၍မရနိုင်သည့် မကောင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကို လှည့်စားခဲ့သည်။ ဆိုးယုတ်သည့် ပြစ်မှုများကို ကမ္ဘာတွင် ကျူးလွန်ခဲ့သည်။ လူသားကို နှိပ်စက်ခဲ့သည်။ လှည့်စားခဲ့သည်။ ဘုရားသခင်ကို ဆန့်ကျင်ရန် သွေးဆောင်ခဲ့သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို ထိခိုက်ပျက်ပြားစေသည့် ဆိုးယုတ်သည့် အပြုအမူများကို ထပ်ခါတလဲလဲ ကျူးလွန်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးနှင့် သက်ရှိတို့သည် ဘုရားသခင် ချမှတ်ထားသည့် စည်းမျဉ်းနှင့် နိယာမများအားဖြင့် ဆက်လက်ရှင်သန်ကြသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် နှိုင်းယှဉ်လိုက်လျှင် စာတန်၏ ဆိုးဝါးသည့် သဘောနှင့် သောင်းကျန်းမှုတို့က အလွန်အကျည်းတန်သည်။ အလွန်ရွံစရာကောင်းပြီး စက်ဆုပ်ဖွယ်ကောင်းသည်။ အလွန်သေးငယ်ပြီး အားနွဲ့သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးကြားတွင် စာတန်သည် လျှောက်လှမ်းသော်လည်း ဘုရားသခင်အုပ်ချုပ်သည့် လူများ၊ အရာဝတ္ထုများ၊ ပစ္စည်းများတွင် ပြောင်းလဲမှု အနည်းငယ်ကိုပင် မပြဌာန်းနိုင်ပေ။ နှစ်ထောင်ပေါင်းအချို့ကုန်ဆုံးပြီးနောက် လူသားမျိုးနွယ်သည် ဘုရားသခင် ချပေးသနားခဲ့သည့် အလင်းနှင့် လေကို နှစ်သက်ခံစားဆဲပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းခဲ့သည့် ဇီဝအသက်ကို ရှူသွင်းဆဲပင်ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ ငှက်များ၊ ငါးများနှင့် ပိုးမွှားများကို နှစ်သက်ခံစားဆဲဖြစ်ပြီး ဘုရားသခင်ပေးအပ်ခဲ့သည့် အရာအားလုံးကို နှစ်သက်ခံစားဆဲဖြစ်သည်။ နေ့နှင့်ညသည် အချင်းချင်း အဆက်မပြတ်နေရာယူနေဆဲဖြစ်သည်။ ရာသီဥတုလေးခုသည် ယခင်ကဲ့သို့ပင် ပြောင်းလဲနေဆဲဖြစ်သည်။ ကောင်းကင်တွင်ပျံနေသည့် ငန်းများသည် ဤဆောင်းရာသီတွင် ထွက်ခွာကြပြီး နောက်နှစ်နွေဦးတွင် ပြန်လာဆဲဖြစ်သည်။ ရေထဲက ငါးများသည် သူတို့၏အိမ်ဖြစ်သည့် မြစ်များနှင့် အင်းအိုင်များကို မည်သည့်အခါမျှ မစွန့်ခွာပေ။ ပုစဉ်းရင်ကွဲများသည် နွေရာသီနေ့ရက်များတွင် ကျယ်လောင်စွာ သီချင်းဆိုကြသည်။ မြက်ထဲတွင်ရှိသည့် ပုရစ်များက ဆောင်းဦးရာသီတွင် လေနှင့်အတူ အချိန်မီ တီးတိုးသီဆိုနေကြသည်။ ငန်းများသည် ငန်းအုပ်အဖြစ် စုစည်းကြပြီး လင်းယုန်များက သီးသန့်နေထိုင်ကြသည်။ ခြင်္သေ့၏ မာန်မာနက အမဲလိုက်ခြင်းအားဖြင့် တည်ရှိသည်။ သမင်ကြီးများသည် မြက်နှင့်ပန်းပွင့်များမှ ရှောင်ဖယ်မသွားပေ။ အရာအားလုံးထဲမှ သက်ရှိသတ္တဝါ အမျိုးအစားတိုင်းသည် ထွက်ခွာပြီး ပြန်လာသည်။ ပြီးနောက် ပြန်ထွက်ခွာကြပြန်သည်။ မျက်စိတမှိတ်အတွင်းတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေသည်။ သို့ရာတွင် မပြောင်းလဲသည့်အရာမှာ သူတို့၏ ဗီဇစိတ်များနှင့် ရှင်သန်ရပ်တည်နေရေး နိယာမများပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ထောက်ပံ့မှုနှင့် ကျွေးမွေးမှုအောက်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ဗီဇစိတ်များကို မည်သူမျှမပြောင်းနိုင်ပေ။ မိမိတို့၏ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းများကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။ အရာအားလုံးကြားတွင် နေထိုင်သည့် လူသားမျိုးနွယ်သည် စာတန်အားဖြင့် ပျက်စီးပြီး လှည့်စားခြင်းခံရသော်လည်း လူသားသည် ဘုရားသခင်ပြုလုပ်ထားသည့် ရေ၊ ဘုရားသခင် ပြုလုပ်ခဲ့သည့် လေနှင့် ဘုရားသခင်ပြုလုပ်ထားသည့် အရာအားလုံးကို စွန့်လွှတ်နိုင်ခြင်းမရှိပေ။ လူသားသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤနေရာတွင် နေထိုင်ပြီး ပွားများဆဲဖြစ်သည်။ လူသားမျိုးနွယ်၏ ဗီဇစိတ်များက မပြောင်းလဲပေ။ လူသားသည် မြင်နိုင်ရန်အတွက် သူ့မျက်လုံး၊ ကြားရန်အတွက် သူ၏နားများ၊ စဉ်းစားရန်အတွက် သူ၏ဦးနှောက်၊ နားလည်ရန်အတွက် သူ၏နှလုံးသား၊ လမ်းလျှောက်ရန်အတွက် သူ၏ခြေထောက်နှင့် ခြေဖဝါး၊ အလုပ်လုပ်ရန်အတွက် သူ၏လက်များစသည့် ဤအရာများကို အားကိုးဆဲပင်ဖြစ်သည်။ ဘုရားသခင်၏ ထောက်ပံ့မှုများ မပြောင်းမလဲဘဲ ရှိနေမှုကို လက်ခံနိုင်စေရန် လူသားအပေါ် ဘုရားသခင်ချပေးသနားခဲ့သည့် ဗီဇအသိစိတ်များ၊ ဘုရားသခင်နှင့် လက်တွဲလုပ်ဆောင်ရန်အတွက် လူသားအသုံးပြုသည့် စွမ်းရည်များ မပြောင်းလဲပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် လူသားမျိုးနွယ်၏ စွမ်းရည်များသည် မပြောင်းလဲသေးပေ။ လူသားမျိုးနွယ်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များ မပြောင်းလဲပေ။ သူတို့၏ဇစ်မြစ်များကို ရှာဖွေရန်အတွက် လူသားမျိုးနွယ်၏ ဆန္ဒသည် မပြောင်းလဲပေ။ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လူသားတို့ တောင့်တခြင်းက မပြောင်းလဲပေ။ ဤအရာများသည် ဘုရားသခင်၏ သြဇာအာဏာအောက်တွင်နေထိုင်သည့်၊ စာတန်ကဖြစ်ပေါ်စေသည့် သွေးစွန်းသည့် ပျက်စီးမှုများကို ခံခဲ့ရသည့် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေများဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖိနှိပ်မှုကို ခံရသော်လည်း ဖန်ဆင်းခြင်းအစက အာဒံနှင့်ဧဝတို့ကဲ့သို့ မဟုတ်တော့ပေ။ ထို့အစား အသိပညာ၊ တွေးတောကြံဆခြင်း၊ ခံယူချက် စသည့် ဘုရားသခင်ကို ရန်မူလိုသည့် အရာများနှင့် ပြည့်နေပြီး စာတန်၏စိတ်သဘောထားနှင့် ပြည့်နေသည်။ ဘုရားသခင်၏ အမြင်တွင်မူ လူသားမျိုးနွယ်သည် သူဖန်ဆင်းခဲ့သည့် ယခင်က လူသားမျိုးနွယ်ဖြစ်နေဆဲပင်ဖြစ်သည်။ လူသားတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းနှင့် ကိုင်တွယ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ဘုရားသခင်ပြင်ဆင်ထားသည့် လမ်းကြောင်းတွင် အသက်ရှင်နေထိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့် လူသားမျိုးနွယ်သည် လှုပ်ရွနေသည့် အစာအိမ်နှင့်၊ နှေးကွေးသည့် တုံ့ပြန်မှုများနှင့်၊ ယခင်ကဲ့သို့ မကောင်းတော့သည့် မှတ်ဉာဏ်များနှင့်၊ အနည်းငယ် အသက်ကြီးလာပြီး အညစ်အကြေးတို့နှင့် ဖုံးလွှမ်းနေသော်လည်း လူသား၏ လည်ပတ်မှုအားလုံးနှင့် ဗီဇစိတ်တို့သည် လုံးဝ ထိခိုက်မှုမရှိပေ။ ဤသည်မှာ ဘုရားသခင် ကယ်တင်ရန် ရည်မှန်းထားသည့် လူသားမျိုးနွယ်ဖြစ်သည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ခေါ်သံကို ကြားရန်၊ ဖန်ဆင်းရှင်၏ အသံကိုကြားရန်သာရှိပြီး ဤအသံ၏ အရင်းအမြစ်ကိုရှာရန် သူသည် မတ်တပ်ရပ်ပြီး အပြေးအလွှား ပြုလုပ်လိမ့်မည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်ကို ကြည့်ရန်သာရှိပြီး သူသည် သူ့ကိုယ်သူ ဘုရားသခင်ထံတွင် အပ်နှံရန်အတွက် အားလုံးကို ဂရုမစိုက်တော့ဘဲ အရာအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် မိမိ၏ဘဝကိုပင် ချပေးလိမ့်မည်။ လူသားမျိုးနွယ်၏ နှလုံးသားက ဖန်ဆင်းရှင်၏ နှလုံးသားကလာသည့် စကားများကို နားလည်သည့်အခါတွင် လူသားမျိုးနွယ်သည် စာတန်ကို ငြင်းပယ်ပြီး ဖန်ဆင်းရှင်ထံပါးသို့ လာလိမ့်မည်။ လူသားမျိုးနွယ်သည် သူ၏ကိုယ်ခန္ဓာက အညစ်အကြေးများကို လုံးဝဆေးကြောပြီးသည့်အခါတွင်၊ ဖန်ဆင်းရှင်၏ ထောက်ပံ့ခြင်းနှင့် ကျွေးမွေးခြင်းကို နောက်တစ်ကြိမ် ရရှိသည့်အခါတွင် လူသားမျိုးနွယ်၏ မှတ်ဉာဏ်တို့သည် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ဤအချိန်တွင် လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏အုပ်စိုးမှုအောက်ကို အမှန်တကယ် ပြန်လာလိမ့်မည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်